ရွှေမန်းမြေရဲ့Drift Masterက ဘယ်သူဖြစ်မယ်ထင်လဲ![]()
မန္တလေးမြို့မှာ ပထမဆုံးအကြိမ် ကျင်းပပြုလုပ်မယ့်” Initial D The Arcade (ကားပြိုင်သည့်) Tournament “ပြိုင်ပွဲကိုတော့ ![]()
၉.၇.၂၀၂၃ (တနင်္ဂနွေနေ့)
Alibaba Amusement (The Move Mandalay Branch) မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်
Tournament Prize တွေအနေနဲ့ကတော့
1st Prize – Alibaba Point (3000)
2nd Prize – Alibaba Point (2000)
3rd Prize – Alibaba Point (1000)
Consolation Prize – Alibaba Point (500) တို့ကို ပေးအပ်ချီးမြှင့်သွားမှာပဲဖြစ်ပါတယ်နော်
ပြိုင်ပွဲပုံစံကိုတော့ ပြိုင်ပွဲဝင်အရေအတွက်ပေါ်မူတည်ပြီး ပြိုင်ပွဲမစတင်မီမှာ ကြေငြာပေးသွားမှာဖြစ်ပါတယ်![]()
ပြိုင်ပွဲအတွက် စည်းမျဉ်းစည်းကမ်းများကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်![]()
မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်ပါသည်။
ပြိုင်ပွဲနေ့တွင် ပြိုင်ပွဲစတင်မည့် အချိန်မတိုင်မီ Alibaba Amusement – The Move Mdy ဆိုင်ထဲတွင် အချိန် (၁) နာရီ စောပြီး ကြိုရောက်နေရပါမည်။ ဆိုင်သို့ ရောက်ရှိသည့်အခါ ရောက်ရှိကြောင်း register လုပ်၍ လည်ဆွဲကတ်များကို ထုတ်ယူပေးရပါမည်။
အသက်အရွယ်၊ လူဦးရေကန့်သတ်ထားခြင်း မရှိပဲ ပြိုင်ပွဲအတွက် စာရင်းပေးသော လူအရေအတွက်ပေါ် မူတည်၍ အဆင်ပြေအောင် စီစဉ်ပေးမည်ဖြစ်ပါသည်။
စာရင်းပေးပြီးနောက် အကြောင်းတစ်စုံတစ်ရာကြောင့် ပါဝင်ယှဉ်ပြိုင်နိုင်ခြင်း မရှိခဲ့လျှင် ပြိုင်ပွဲရက်မတိုင်မီ ၃ ရက် ကြိုတင်အကြောင်းကြားပေးရမည် ဖြစ်ပါသည်။ စာရင်းပေးသွင်းပြီး လာရောက်ယှဉ်ပြိုင်ခြင်းမရှိပါက Tournament ပွဲ ၃ပွဲ Ban ခံရမည် ဖြစ်ပါသည်။
ယှဉ်ပြိုင်သည့်အခါတွင် ကိုယ်ပိုင် Bana Passport (or) AIME Card များ အသုံးပြုခွင့်မရပါ
{ယခု Tournament အပြီး နောက်ပိုင်းပြုလုပ်မည့် Initial D Tournament များသည် (Rank Battle) ဖြစ်သဖြင့် Rank အလိုက် သတ်မှတ်ပြီး ယှဉ်ပြိုင်ပွဲများတွင် Bana Passport (or) AIME Card များဖြင့် မိမိ ကားများအား ပြင်ဆင်ပြီး Upgrade လုပ်ထားဖို့တော့ လိုအပ်ပါမည်}
အငြင်းပွားမှု တစ်စုံတစ်ရာရှိလာပါက Alibaba Amusement ဒိုင်အဖွဲ့၏ ဆုံးဖြတ်ချက်အတိုင်းသာဖြစ်ပါသည်။
ကိုယ့်ရဲ့ အကျော်အခွ Skill တွေကို ပြသပြီး အနိုင်နဲ့ပိုင်းဖို့ ready ပဲဆိုရင်တော့ အခုပဲ အောက်ပါ link လေးကနေ ၂၄.၆.၂၀၂၃ ကနေ ၁.၇.၂၀၂၃ အတွင်း Register လုပ်နိုင်ပါတယ်![]()
Mandalay ရှိ Alibaba ဆိုင်များမှာလည်း Tournament Information Stand များ ထားပေးထားတဲ့အတွက် ထို Information Stand များတွင် ပါရှိသော QR Code အား Scan ဖတ်ပြီးတော့လည်း ပြိုင်ပွဲအတွက် စာရင်းပေးသွင်းနိုင်ကြောင်း သတင်းကောင်းလေး ပါးအပ်ပါတယ်ရှင်![]()
![]()