Beginner Stage Tournament ကို စောင့်မျှော်နေကြတဲ့ Mai Mai Player လေးတွေအတွက် Registration Form လေး ဖွင့်ပါပြီနော်
“Mai Mai DX Festival” – Beginner Level Tournament လေးကိုတော့
၁၁.၃.၂၀၂၃ (စနေနေ့)
Alibaba Amusement Junction City Branch
မြန်မာစံတော်ချိန် နေ့လည် (12:30) နာရီမှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်
ပါဝင်ယှဉ်ပြိုင်လိုပါက ၂၅.၂.၂၀၂၃ ကနေ ၅.၃.၂၀၂၃
အထိ အောက်ပါ Google Form လေးကနေ စာရင်းပေးသွင်းနိုင်ပါတယ်နော်
ပြိုင်ပွဲပုံစံနဲ့ စည်းမျဉ်းစည်းကမ်း အသေးစိတ်ကိုတော့ အောက်မှာ ဆက်ပြီး ဖတ်ရှုပေးကြပါနော်
Beginner Level Winner Awards
=======================
1st Winner – Alibaba Point 1500
2nd Winner – Alibaba Point 1000
3rd Winner – Alibaba Point 500
Beginner Level ပြိုင်ပွဲပုံစံ
Round 1 တွင် ပြိုင်ပွဲဝင်များသည်သည် (၄) ယောက်တစ်သုတ်ဖြင့် ကျပန်း သီချင်းတစ်ပုဒ်စီနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပါသည်။ ထိုပွဲစဉ်တွင် Score အများဆုံးရရှိသော (၄) ယောက်သည် Round 3 သို့ အလိုအလျောက် တက်ရောက်သွားမည်ဖြစ်ပါသည်။
Round 2 တွင် Score အများဆုံးရရှိသော (၄) ယောက်ကို ဖယ်၍ ကျန်ရှိသော ပြိုင်ပွဲများသည် (၄) ယောက်တစ်သုတ်ဖြင့် ကျပန်း သီချင်းတစ်ပုဒ်စီနှင့် ထပ်မံ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး Score အများဆုံးရရှိသည့် (၄) ယောက်သည် Round 3 သို့ တက်ရောက်နိုင်မည်ဖြစ်ပါသည်။
Round 3 တွင် Round 1 မှ အမှတ်အများဆုံး (၄) ယောက်နှင့် Round 2 မှ အမှတ်အများဆုံး (၄) ယောက် – စုစုပေါင်း (၈) ယောက်တို့သည် (၂) ယောက်တစ်သုတ်ဖြင့် ကျပန်း သီချင်းတစ်ပုဒ်စီနှင့် ထပ်မံ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး Score အများဆုံးရရှိသည့် (၄) ယောက်သည် Semi Final သို့ တက်ရောက်နိုင်မည်ဖြစ်ပါသည်။
Semi Round ယှဉ်ပြိုင်ရာတွင် ပြိုင်ပွဲဝင် (၄) ယောက်သည် (၂) ယောက်စီ၊ သီချင်း (၂) ပုဒ်စီ (မိမိရွေးချယ်သော သီချင်းတစ်ပုဒ်၊ ပြိုင်ဘက်က ရွေးချယ်သော သီချင်းတစ်ပုဒ်) ဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး Score အများဆုံး (၂) ယောက်သည် Final Round သို့ တက်ရောက်မည်ဖြစ်ပါသည်။
Semi Round တွင် ကျန်ရှိခဲ့သော (၂) ယောက်သည် သီချင်း (၃) ပုဒ်စီ (မိမိရွေးချယ်သော သီချင်းတစ်ပုဒ်၊ ပြိုင်ဘက်က ရွေးချယ်သော သီချင်းတစ်ပုဒ်၊ Alibaba က ရွေးချယ်သော သီချင်းတစ်ပုဒ်) ဖြင့် ထပ်မံယှဉ်ပြိုင်ရမည်ဖြစ်ပြီး တတိယဆုကိုရွေးချယ်ပါမည်။
Final အဆင့်တွင် ယှဉ်ပြိုင်သူ (၂) ယောက်သည် သီချင်း (၃) ပုဒ်စီ (မိမိရွေးချယ်သော သီချင်းတစ်ပုဒ်၊ ပြိုင်ဘက်က ရွေးချယ်သော သီချင်းတစ်ပုဒ်၊ Alibaba က ရွေးချယ်သော သီချင်းတစ်ပုဒ်) ဖြင့် ယှဉ်ပြိုင်ပြီး Score အများဆုံး (၁) ယောက်တည်းသာ ပထမဆုရရှိမည်ဖြစ်ပါသည်။
Round တစ်ခုတိုးသွားတိုင်း Level များပါ တိုးသွားမည်ဖြစ်ပါသည်။
Round 3 တွင် ယှဉ်ပြိုင်ခွင့်ရရှိသော ပြိုင်ပွဲဝင် (၈) ဦးသည် Leader Level မှ ပြိုင်ပွဲဝင်များနှင့်အတူ Group Stage တွင် ထပ်မံပါဝင်ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်ပါသည်။
Mai Mai Game ပြိုင်ပွဲနဲ့ပတ်သက်ပြီး အငြင်းပွားဖွယ် တစ်စုံတစ်ရာဖြစ်ပေါ်လာပါက Alibaba Amusement ၏ ဆုံးဖြတ်ချက်သာလျှင် အတည်ဖြစ်ပါသည်။
Beginner Level ပြိုင်ပွဲပုံစံ စည်းမျဉ်းများ
Beginner Level တွင် ပါဝင်ယှဉ်ပြိုင်မည့်သူများသည် Mai Mai DX Festival ကို Level 5 မှ Level 11+ အတွင်း တီးနိုင်ရမည်ဖြစ်ပါသည်။ ထို Level ထက် ကျော်၍ တီးနိုင်သော Player များ၊ Leader Level Tournament တွင် ပါဝင်ယှဉ်ပြိုင်ပြီးသော Player များသည် Beginner Level ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိမည် မဟုတ်ပါ။
Aime Card (သို့) Bana Passport Card ရှိရပါမည်။
နောက်ပိုင်းတွင် Leader Level Player များ၏ လေ့ကျင့်သင်ကြားမှုကို ခံယူပြီး မိမိအဖွဲ့နှင့်အတူ Group Tournament တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရပါမည်။
ပြိုင်ပွဲဝင်မည့်နေ့တွင် ပြိုင်ပွဲစတင်မည့် အချိန်မတိုင်ခင် Alibaba Amusement Myanmar Plaza ဆိုင်ထဲတွင် အချိန် (၁) နာရီ စောပြီး ကြိုရောက်နေရပါမည်။
လူဦးရေကန့်သတ်ထားခြင်း မရှိပဲ ပြိုင်ပွဲအတွက် စာရင်းပေးသော လူအရေအတွက်ပေါ် မူတည်၍ အဆင်ပြေအောင် စီစဉ်ပေးမည်ဖြစ်ပါသည်။
စာရင်းပေးပြီးနောက် အကြောင်းတစ်စုံတစ်ရာကြောင့် ပါဝင်ယှဉ်ပြိုင်နိုင်ခြင်း မရှိခဲ့လျှင် ပြိုင်ပွဲရက်မတိုင်မီ ၃ ရက် ကြိုတင်အကြောင်းကြားပေးရမည် ဖြစ်ပါသည်။ စာရင်းပေးသွင်းပြီး လာရောက်ယှဉ်ပြိုင်ခြင်းမရှိပါက Tournament ပွဲ ၃ပွဲ Ban ခံရမည် ဖြစ်ပါသည်။
အငြင်းပွားမှု တစ်စုံတစ်ရာရှိလာပါက Alibaba Amusement ဒိုင်အဖွဲ့၏ ဆုံးဖြတ်ချက်အတိုင်းသာဖြစ်ပါသည်။
ပါဝင်ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲဝင်တွေကို Mai Mai လက်အိတ် နဲ့ Towel ၁ထည်စီ လက်ဆောင်ပြန်ပေးသွားဦးမှာဖြစ်ပါတယ်
ဒီပြိုင်ပွဲကနေတစ်ဆင့် ကိုယ့်ရဲ့ skill တွေကို level up လုပ်လို့ရမယ့် အခွင့်အရေးလည်း ရဦးမှာမို့ တွေဝေမနေနဲ့တော့နော်
Mai Mai ချစ်သူ သူငယ်ချင်းတွေရှိရင်လည်း mention ခေါ်ပြီး လက်တို့လိုက်ပါဦးနော်