Tournament တွေကို စောင့်မျှော်နေကြတဲ့ Alibaba Player လေးတွေအတွက် သတင်းကောင်းလေးကို ယူဆောင်လာပါပြီနော် ![]()
၂၀၂၃ ခုနှစ်ရဲ့ ပထမဦးဆုံး Tournament ဖြစ်တဲ့ “Mai Mai DX Festival” Tournament ပွဲစဉ်ကိုတော့ ခါတိုင်းနဲ့ မတူပဲ
Leader Level,
Beginner Level နဲ့
Group Level (Champion Stage) ဆိုပြီး ၃ ပိုင်း ခွဲထားပါတယ်နော်
ပထမဆုံး ပွဲစဉ်ဖြစ်တဲ့ “Mai Mai DX Festival” – Leader Level Tournament လေးကိုတော့
Alibaba Amusement Junction City Branch
မြန်မာစံတော်ချိန် နေ့လည် (12:30) နာရီမှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်
Leader Level Tournament ပြိုင်ပွဲဖြစ်တဲ့အတွက် Level 12 မှ စတင်ဆော့ကစားပေးရမှာ ဖြစ်ပါတယ်![]()
(Beginner Level နဲ့ Group Level အတွက်ကို နောင်တွင် အသေးစိတ် ထပ်မံရှင်းပြပေးသွားမည်ဖြစ်ပါသည်)
Leader Level Winner Awards
=======================
1st Winner – Alibaba Point 3000
2nd Winner – Alibaba Point 2000
3rd Winner – Alibaba Point 1000
Leader Level ပြိုင်ပွဲပုံစံ ![]()
Round 1 တွင် ပြိုင်ပွဲဝင် (၁၆) ယောက်သည် (၂) ယောက်တစ်တွဲစီ သတ်မှတ်ထားသည့် သီချင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပါသည်။ ထိုပွဲစဉ်တွင် Score အများဆုံးရရှိသော (၄) ယောက်သည် Round 3 သို့ အလိုအလျောက် တက်ရောက်သွားမည်ဖြစ်ပါသည်။
Round 2 တွင် Score အများဆုံးရရှိသော (၄) ယောက်ကို ဖယ်၍ ကျန်ရှိသော ပြိုင်ပွဲဝင် (၁၂)ယောက်သည် (၂) ယောက်တစ်တွဲစီ သတ်မှတ်ထားသည့် သီချင်းနှင့် ထပ်မံ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး Score အများဆုံးရရှိသည့် (၄) ယောက်သည် Round 3 သို့ တက်ရောက်နိုင်မည်ဖြစ်ပါသည်။
Round 3 တွင် Round 1 မှ အမှတ်အများဆုံး (၄) ယောက်နှင့် Round 2 မှ အမှတ်အများဆုံး (၄) ယောက် – စုစုပေါင်း (၈) ယောက်တို့သည် (၂) ယောက်တစ်တွဲစီ သတ်မှတ်ထားသည့် သီချင်းနှင့် ထပ်မံ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး Score အများဆုံးရရှိသည့် (၄) ယောက်သည် Semi Final သို့ တက်ရောက်နိုင်မည်ဖြစ်ပါသည်။
Semi Round ယှဉ်ပြိုင်ရာတွင် ပြိုင်ပွဲဝင် (၄) ယောက်သည် သတ်မှတ်ထားသည့် သီချင်း (၂) ပုဒ်စီဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး Score အများဆုံး (၂) ယောက်သည် Final Round သို့ တက်ရောက်မည်ဖြစ်ပါသည်။
Semi Round တွင် ကျန်ရှိခဲ့သော (၂) ယောက်သည် သီချင်း (၂) ပုဒ်စီဖြင့် ထပ်မံယှဉ်ပြိုင်ရမည်ဖြစ်ပြီး တတိယဆုကိုရွေးချယ်ပါမည်။
Final အဆင့်တွင် ယှဉ်ပြိုင်သူ (၂) ယောက်သည် ဒိုင်များက ရွေးချယ်ထားသော သီချင်းတစ်ပုဒ်၊ မိမိက ပြိုင်ဘက်ကို ရွေးချယ်ပေးသော သီချင်းတစ်ပုဒ်နှင့် ပြိုင်ဘက်က ရွေးချယ်ပေးသော သီချင်းတစ်ပုဒ်စီ – စုစုပေါင်း (၃) ပုဒ်ဖြင့် ယှဉ်ပြိုင်ပြီး Score အများဆုံး (၁) ယောက်တည်းသာ ပထမဆုရရှိမည်ဖြစ်ပါသည်။
Round တစ်ခုတိုးသွားတိုင်း သီချင်းနှင့် Level များပါ တိုးသွားမည်ဖြစ်ပါသည်။
Round 3 တွင် ယှဉ်ပြိုင်ခွင့်ရရှိသော ပြိုင်ပွဲဝင် (၈) ဦးသည် Group Stage တွင် ထပ်မံပါဝင်ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်ပါသည်။
Semi Final မှ ပြိုင်ပွဲဝင် (၄) ယောက်သည် နောက်ပိုင်းတွင် Leader Level မှ ပြိုင်ပွဲဝင် (၁) ဦးနှင့် Beginner Level Tournament မှ ပြိုင်ပွဲဝင် (၂) ဦး-စုစုပေါင်း (၃) ဦးစီကို ဦးဆောင်လေ့ကျင့်သင်ကြားပေးပြီး Group Stage တွင် ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်ပါသည်။
Mai Mai Game ပြိုင်ပွဲနဲ့ပတ်သက်ပြီး အငြင်းပွားဖွယ် တစ်စုံတစ်ရာဖြစ်ပေါ်လာပါက Alibaba Amusement Center ၏ ဆုံးဖြတ်ချက်သာလျှင် အတည်ဖြစ်ပါသည်။
Leader Level ပြိုင်ပွဲပုံစံ စည်းမျဉ်းများ ![]()
Leader Level တွင် ပါဝင်ယှဉ်ပြိုင်သူများသည် “Mai Mai DX Festival” ကို Level 12 နှင့်အထက် ဆော့ကစားနိုင်သူ ဖြစ်ရပါမည်။
Aime Card (သို့) Bana Passport Card ရှိရပါမည်။
နောက်ပိုင်းတွင် Beginner များကို လေ့ကျင့်သင်ကြားပေးပြီး Group Tournament တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရပါမည်။
ပြိုင်ပွဲဝင်မည့်နေ့တွင် ပြိုင်ပွဲစတင်မည့် အချိန်မတိုင်ခင် Alibaba Amusement Junction City ဆိုင်ထဲတွင် အချိန် (၁) နာရီ စောပြီး ကြိုရောက်နေရပါမည်။
လူဦးရေကန့်သတ်ထားသည့်အတွက် အရင်ဆုံး Register လုပ်သူ (၁၆) ယောက်သာလျှင် ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်ပါသည်။
Round များတွင် Mai Mai Game ပြိုင်ပွဲသီချင်းကို ဒိုင်အဖွဲ့က ချမှတ်ပေးသည့် သီချင်းအတိုင်း ယှဉ်ပြိုင်ရမည်ဖြစ်ပါသည်။
အငြင်းပွားမှု တစ်စုံတစ်ရာရှိလာပါက Alibaba Amusement ဒိုင်အဖွဲ့၏ ဆုံးဖြတ်ချက်အတိုင်းသာဖြစ်ပါသည်။
ပါဝင်ယှဉ်ပြိုင်လိုပါက ၁.၂.၂၀၂၃ ကနေ ၁၅.၂.၂၀၂၃ အထိ အောက်ပါ Google Form လေးကနေ စာရင်းပေးသွင်းနိုင်ပါတယ်နော် ![]()
ပါဝင်ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲဝင်တွေကို Mai Mai Logo ပါတဲ့ T-shirt နဲ့ Towel ၁ထည်စီ လက်ဆောင်ပြန်ပေးသွားဦးမှာဖြစ်ပါတယ် ![]()
ဒါကြောင့်မို့ ခုတည်းက ကြိုတင်လေ့ကျင့်ထားပြီး ကိုယ့်ရဲ့ ဖုံးကွယ်ထားတဲ့ အဖိုးတန် Talent တွေကို လူအများသိအောင် ချပြလိုက်ပါတော့နော် Mai Mai ချစ်သူ သူငယ်ချင်းတွေရှိရင်လည်း mention ခေါ်ပြီး လက်တို့လိုက်ပါဦးနော်