“Mai Mai DX Festival” - Leader Level Tournament

“Mai Mai DX Festival” - Leader Level Tournament

Tournament တွေကို စောင့်မျှော်နေကြတဲ့ Alibaba Player လေးတွေအတွက် သတင်းကောင်းလေးကို ယူဆောင်လာပါပြီနော် ☺️

၂၀၂၃ ခုနှစ်ရဲ့ ပထမဦးဆုံး Tournament ဖြစ်တဲ့ “Mai Mai DX Festival” Tournament ပွဲစဉ်ကိုတော့ ခါတိုင်းနဲ့ မတူပဲ 1️⃣Leader Level, 2️⃣Beginner Level နဲ့ 3️⃣Group Level (Champion Stage) ဆိုပြီး ၃ ပိုင်း ခွဲထားပါတယ်နော်

ပထမဆုံး ပွဲစဉ်ဖြစ်တဲ့ “Mai Mai DX Festival” – Leader Level Tournament လေးကိုတော့

🗓၁၈.၂.၂၀၂၃ (စနေနေ့)

🏢Alibaba Amusement Junction City Branch

⏰မြန်မာစံတော်ချိန် နေ့လည် (12:30) နာရီမှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်

👉Leader Level Tournament ပြိုင်ပွဲဖြစ်တဲ့အတွက် Level 12 မှ စတင်ဆော့ကစားပေးရမှာ ဖြစ်ပါတယ်👈

(Beginner Level နဲ့ Group Level အတွက်ကို နောင်တွင် အသေးစိတ် ထပ်မံရှင်းပြပေးသွားမည်ဖြစ်ပါသည်)

Leader Level Winner Awards

=======================

🏆1st Winner – Alibaba Point 3000

🏆2nd Winner – Alibaba Point 2000

🏆3rd Winner – Alibaba Point 1000

🎀 Leader Level ပြိုင်ပွဲပုံစံ 🎀

👉 Round 1 တွင် ပြိုင်ပွဲဝင် (၁၆) ယောက်သည် (၂) ယောက်တစ်တွဲစီ သတ်မှတ်ထားသည့် သီချင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပါသည်။ ထိုပွဲစဉ်တွင် Score အများဆုံးရရှိသော (၄) ယောက်သည် Round 3 သို့ အလိုအလျောက် တက်ရောက်သွားမည်ဖြစ်ပါသည်။

👉 Round 2 တွင် Score အများဆုံးရရှိသော (၄) ယောက်ကို ဖယ်၍ ကျန်ရှိသော ပြိုင်ပွဲဝင် (၁၂)ယောက်သည် (၂) ယောက်တစ်တွဲစီ သတ်မှတ်ထားသည့် သီချင်းနှင့် ထပ်မံ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး Score အများဆုံးရရှိသည့် (၄) ယောက်သည် Round 3 သို့ တက်ရောက်နိုင်မည်ဖြစ်ပါသည်။

👉 Round 3 တွင် Round 1 မှ အမှတ်အများဆုံး (၄) ယောက်နှင့် Round 2 မှ အမှတ်အများဆုံး (၄) ယောက် – စုစုပေါင်း (၈) ယောက်တို့သည် (၂) ယောက်တစ်တွဲစီ သတ်မှတ်ထားသည့် သီချင်းနှင့် ထပ်မံ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး Score အများဆုံးရရှိသည့် (၄) ယောက်သည် Semi Final သို့ တက်ရောက်နိုင်မည်ဖြစ်ပါသည်။

👉 Semi Round ယှဉ်ပြိုင်ရာတွင် ပြိုင်ပွဲဝင် (၄) ယောက်သည် သတ်မှတ်ထားသည့် သီချင်း (၂) ပုဒ်စီဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး Score အများဆုံး (၂) ယောက်သည် Final Round သို့ တက်ရောက်မည်ဖြစ်ပါသည်။

👉 Semi Round တွင် ကျန်ရှိခဲ့သော (၂) ယောက်သည် သီချင်း (၂) ပုဒ်စီဖြင့် ထပ်မံယှဉ်ပြိုင်ရမည်ဖြစ်ပြီး တတိယဆုကိုရွေးချယ်ပါမည်။

👉 Final အဆင့်တွင် ယှဉ်ပြိုင်သူ (၂) ယောက်သည် ဒိုင်များက ရွေးချယ်ထားသော သီချင်းတစ်ပုဒ်၊ မိမိက ပြိုင်ဘက်ကို ရွေးချယ်ပေးသော သီချင်းတစ်ပုဒ်နှင့် ပြိုင်ဘက်က ရွေးချယ်ပေးသော သီချင်းတစ်ပုဒ်စီ – စုစုပေါင်း (၃) ပုဒ်ဖြင့် ယှဉ်ပြိုင်ပြီး Score အများဆုံး (၁) ယောက်တည်းသာ ပထမဆုရရှိမည်ဖြစ်ပါသည်။

👉 Round တစ်ခုတိုးသွားတိုင်း သီချင်းနှင့် Level များပါ တိုးသွားမည်ဖြစ်ပါသည်။

👉 Round 3 တွင် ယှဉ်ပြိုင်ခွင့်ရရှိသော ပြိုင်ပွဲဝင် (၈) ဦးသည် Group Stage တွင် ထပ်မံပါဝင်ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်ပါသည်။

Semi Final မှ ပြိုင်ပွဲဝင် (၄) ယောက်သည် နောက်ပိုင်းတွင် Leader Level မှ ပြိုင်ပွဲဝင် (၁) ဦးနှင့် Beginner Level Tournament မှ ပြိုင်ပွဲဝင် (၂) ဦး-စုစုပေါင်း (၃) ဦးစီကို ဦးဆောင်လေ့ကျင့်သင်ကြားပေးပြီး Group Stage တွင် ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်ပါသည်။

⚠️ Mai Mai Game ပြိုင်ပွဲနဲ့ပတ်သက်ပြီး အငြင်းပွားဖွယ် တစ်စုံတစ်ရာဖြစ်ပေါ်လာပါက Alibaba Amusement Center ၏ ဆုံးဖြတ်ချက်သာလျှင် အတည်ဖြစ်ပါသည်။

🔺 Leader Level ပြိုင်ပွဲပုံစံ စည်းမျဉ်းများ 🔺

♦ Leader Level တွင် ပါဝင်ယှဉ်ပြိုင်သူများသည် “Mai Mai DX Festival” ကို Level 12 နှင့်အထက် ဆော့ကစားနိုင်သူ ဖြစ်ရပါမည်။

♦ Aime Card (သို့) Bana Passport Card ရှိရပါမည်။

♦ နောက်ပိုင်းတွင် Beginner များကို လေ့ကျင့်သင်ကြားပေးပြီး Group Tournament တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရပါမည်။

♦ ပြိုင်ပွဲဝင်မည့်နေ့တွင် ပြိုင်ပွဲစတင်မည့် အချိန်မတိုင်ခင် Alibaba Amusement Junction City ဆိုင်ထဲတွင် အချိန် (၁) နာရီ စောပြီး ကြိုရောက်နေရပါမည်။

♦ လူဦးရေကန့်သတ်ထားသည့်အတွက် အရင်ဆုံး Register လုပ်သူ (၁၆) ယောက်သာလျှင် ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်ပါသည်။

♦ Round များတွင် Mai Mai Game ပြိုင်ပွဲသီချင်းကို ဒိုင်အဖွဲ့က ချမှတ်ပေးသည့် သီချင်းအတိုင်း ယှဉ်ပြိုင်ရမည်ဖြစ်ပါသည်။

⚠️အငြင်းပွားမှု တစ်စုံတစ်ရာရှိလာပါက Alibaba Amusement ဒိုင်အဖွဲ့၏ ဆုံးဖြတ်ချက်အတိုင်းသာဖြစ်ပါသည်။

ပါဝင်ယှဉ်ပြိုင်လိုပါက ၁.၂.၂၀၂၃ ကနေ ၁၅.၂.၂၀၂၃ အထိ အောက်ပါ Google Form လေးကနေ စာရင်းပေးသွင်းနိုင်ပါတယ်နော် 🥰

https://bit.ly/3Yi5qbn

ပါဝင်ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲဝင်တွေကို Mai Mai Logo ပါတဲ့ T-shirt နဲ့ Towel ၁ထည်စီ လက်ဆောင်ပြန်ပေးသွားဦးမှာဖြစ်ပါတယ် 😍

ဒါကြောင့်မို့ ခုတည်းက ကြိုတင်လေ့ကျင့်ထားပြီး ကိုယ့်ရဲ့ ဖုံးကွယ်ထားတဲ့ အဖိုးတန် Talent တွေကို လူအများသိအောင် ချပြလိုက်ပါတော့နော် Mai Mai ချစ်သူ သူငယ်ချင်းတွေရှိရင်လည်း mention ခေါ်ပြီး လက်တို့လိုက်ပါဦးနော်