Round တိုင်းမှာ ရင်ခုန်စိတ်လှုပ်ရှားမှု အပြည့်နဲ့ ယှဉ်ပြိုင်ရမယ့်” Mai Mai DX Festival Tournament “ကြီး ရွှေမန်းမြေကို ချီတက်လာပါပြီ
ပါဝင်ယှဉ်ပြိုင်မယ့် Mai Mai Player တွေအတွက် Registration Form လေးကို ယခုအချိန်မှစ၍ စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်းကြေငြာအပ်ပါတယ်ရှင်
“Mai Mai DX Festival” – Rhythmic Battle Tournament ကို
Alibaba Amusement – The Move Mandalay Branch
နေ့လည် ၁၂ နာရီ ၊၃၀ မိနစ် (12:30 PM) မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်
Winner တွေကို ပေးအပ်သွားမယ့် ဆုတွေကတော့
1st Winner – Alibaba Point 3000
2nd Winner – Alibaba Point 2000
3rd Winner – Alibaba Point 1000
Consolation Prize (4th Winner) – Alibaba Point 500 တို့ပဲဖြစ်ပါတယ်
ဒါ့အပြင် ပါဝင်ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲဝင်တိုင်းကို Mai Mai လက်အိတ် နဲ့ T-shirt (၁) ထည်စီ လက်ဆောင်အဖြစ် ပြန်လည်ပေးအပ်သွားဦးမှာဖြစ်ပါတယ်နော်
ပါဝင်ယှဉ်ပြိုင်ချင်တယ်ဆိုရင်တော့ ၂၄.၆.၂၀၂၃ ကနေ ၁.၇.၂၀၂၃ အထိ အောက်ပါ Google Form လေးကနေ စာရင်းပေးသွင်းနိုင်ပါတယ်
Mandalay ရှိ Alibaba ဆိုင်များအတွင်း၌လည်း Tournament Information Stand များ ထားပေးထားတဲ့အတွက် ထို Information Stand များမှာ ပါရှိသော QR Code အား Scan ဖတ်၍လည်း ပြိုင်ပွဲအတွက် စာရင်းပေးသွင်းနိုင်ပါတယ်
ပြိုင်ပွဲပုံစံကိုတော့ ပြိုင်ပွဲဝင်အရေအတွက်ပေါ်မူတည်ပြီး ပြိုင်ပွဲမစတင်မီမှာ ကြေငြာပေးသွားမှာဖြစ်ပါတယ်
ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်
ပါဝင်ယှဉ်ပြိုင်မည့်သူများသည် Mai Mai DX Festival ကို Level 6 မှ Level 12+ အတွင်း တီးနိုင်ရမည်ဖြစ်ပါသည်။
Aime Card (သို့) Bana Passport Card ရှိရပါမည်။
ပြိုင်ပွဲနေ့တွင် ပြိုင်ပွဲစတင်မည့် အချိန်မတိုင်မီ Alibaba Amusement – The Move Mdy ဆိုင်ထဲတွင် အချိန် (၁) နာရီ စောပြီး ကြိုရောက်နေရပါမည်။ ဆိုင်သို့ ရောက်ရှိသည့်အခါ ရောက်ရှိကြောင်း register လုပ်၍ လည်ဆွဲကတ်များကို ထုတ်ယူပေးရပါမည်။
အသက်အရွယ်၊ လူဦးရေကန့်သတ်ထားခြင်း မရှိပဲ ပြိုင်ပွဲအတွက် စာရင်းပေးသော လူအရေအတွက်ပေါ် မူတည်၍ အဆင်ပြေအောင် စီစဉ်ပေးမည်ဖြစ်ပါသည်။
စာရင်းပေးပြီးနောက် အကြောင်းတစ်စုံတစ်ရာကြောင့် ပါဝင်ယှဉ်ပြိုင်နိုင်ခြင်း မရှိခဲ့လျှင် ပြိုင်ပွဲရက်မတိုင်မီ ၃ ရက် ကြိုတင်အကြောင်းကြားပေးရမည် ဖြစ်ပါသည်။ စာရင်းပေးသွင်းပြီး လာရောက်ယှဉ်ပြိုင်ခြင်းမရှိပါက Tournament ပွဲ ၃ပွဲ Ban ခံရမည် ဖြစ်ပါသည်။
အငြင်းပွားမှု တစ်စုံတစ်ရာရှိလာပါက Alibaba Amusement ဒိုင်အဖွဲ့၏ ဆုံးဖြတ်ချက်အတိုင်းသာဖြစ်ပါသည်။
ဒါဆိုရင်တော့ မန္တလေးမြို့ကြီးမှာ ပထမဦးဆုံးအကြိမ် ပြုလုပ်သွားမယ့် Tournament ကြီး ဖြစ်တာနဲ့အညီ မန်းလေးသူ၊ မန်းလေးသားတွေရဲ့ အံ့မခန်း skill တွေကို ချပြနိုင်ဖို့ ခုထဲက practice လုပ်ပြီး ready ပြင်ထားကြရအောင်နော်
မန္တလာမြေက Alibaba ပရိတ်သတ်အားလုံးကိုလည်း မန္တလေးမြို့ရဲ့ ကိုယ်စားပြုအနေနဲ့ ယှဉ်ပြိုင်ကြမယ့် Mai Mai Player တွေရဲ့ အကြိတ်အနယ်ယှဉ်ပြိုင်မှုကို လာရောက်အားပေးကြည့်ရှုကြဖို့ ဖိတ်ခေါ်အပ်ပါတယ်ရှင်