“Taiko no Tatsujin Donder World Championship 2024” Store Preliminary Tournament

“Taiko no Tatsujin Donder World Championship 2024” Store Preliminary Tournament

Taiko no Tatsujin ဂိမ်းလေးကို ချစ်မြတ်နိုးကြတဲ့ Alibaba ပရိတ်သတ်တွေအတွက် “Taiko no Tatsujin Donder World Championship 2024” ပြိုင်ပွဲကြီးရဲ့ Store Preliminary Tournament Registration Form လေးကို စတင်ဖွင့်လှစ်လိုက်ပါပြီ 🥳

ရင်ခုန်စိတ်လှုပ်ရှားစရာ အပြည့်နဲ့ “Taiko no Tatsujin Donder World Championship 2024” Store Preliminary Tournament ကိုတော့

Mandalay

🗓နေ့ရက် : 3 Feb 2024 (Sat)

⏰အချိန် : 10 a.m

🏢နေရာ : The Move Mdy Branch

Yangon

🗓နေ့ရက် : 10 Feb 2024 (Sat)

⏰အချိန် : 10 a.m

🏢နေရာ : Junction City Branch စသဖြင့် နှစ်နေရာခွဲပြီး မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်

Store Preliminary Tournament အတွက် ပြိုင်ပွဲပုံစံကိုလည်း အနည်းငယ် ရှင်းပြပေးချင်ပါတယ်နော် 🤗

✅ပြိုင်ပွဲတစ်ခုမှာ ပြိုင်ပွဲဝင် အများဆုံး အယောက် ၂၀ ပါရှိပြီး ၂ ယောက်တစ်တွဲစီ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ဂိမ်းကစားရမယ့်နေရာ ဘယ်/ညာကို စုံစွမ်စိချပြီး နိုင်တဲ့သူက ရွေးချယ်ခွင့်ရရှိမှာဖြစ်ပါတယ်။

✅ပြိုင်ပွဲနေ့ ပြိုင်ပွဲမစမီမှာ Entry Ticket များကို ဝေပေးမှာဖြစ်ပြီး Entry Ticket Number ပေါ်လိုက်၍ နံပါတ်စဉ်အတိုင်း ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

✅Bandai Namco က ချမှတ်ပေးထားတဲ့ Predetermined Song တွေထဲက တစ်ပုဒ်ကို ပြိုင်ပွဲဝင် အယောက် ၂၀ လုံး ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

✅ပြိုင်ပွဲဝင် အယောက် ၂၀ ထဲက အမှတ်အများဆုံး ၂ ယောက် (Winner ၁ ဦး၊ Runner Up ၁ ဦး) ကို ရွေးချယ်သွားမှာဖြစ်ပြီး အမှတ်တူနေခဲ့ရင် ကျန်ရှိတဲ့ Predetermined Song တွေထဲက တစ်ပုဒ်နဲ့ ထပ်မံယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

✅Winner နဲ့ Runner Up ရရှိသူများက Alibaba နဲ့ Bandai Namco က ချီးမြှင့်တဲ့ ဆုလက်ဆောင်တွေကို ရရှိမယ့်အပြင် Regional Tournament ကို ဆက်လက်ယှဉ်ပြိုင်ခွင့်ရရှိမှာဖြစ်ပါတယ်။ အကယ်၍ Winner နဲ့ Runner Up ရရှိသူများက အကြောင်းအမျိုးမျိုးကြောင့် Regional Tournament မှာ မပါဝင်နိုင်ခဲ့ရင် အခြားသော အမှတ်အများဆုံးသူများကို အစဉ်အတိုင်း အခွင့်အရေးပေးသွားမှာဖြစ်ပါတယ်။

Store Preliminary Tournament အတွက် စာရင်းပေးသွင်းလို့ရမယ့်အချိန်ကတော့ ၁၇.၁.၂၀၂၄ ကနေ ၂၇.၁.၂၀၂၄ အထိသာဖြစ်ပြီး ပြိုင်ပွဲတစ်ခုကို အယောက် ၂၀ ထိပဲ ပါဝင်ယှဉ်ပြိုင်လို့ရမှာဆိုတော့ ပြိုင်ပွဲဝင်ဖို့ Ready ပဲဆိုရင် အောက်ပါ link ကနေ မြန်မြန်လေး စာရင်းပေးသွင်းထားလိုက်ပါတော့နော် 👇

🔗Registration Form Link

https://bit.ly/4aVk53g

ပြိုင်ပွဲဝင်စာရင်းကိုတော့ Registration Form ပိတ်ပြီး ရက်အနည်းငယ်အတွင်းမှာ ထပ်မံကြေငြာပေးသွားမှာဖြစ်ပါတယ်