Taiko no Tatsujin Regional Tournament

Taiko no Tatsujin Regional Tournament

Taiko no Tatsujin ဂိမ်းလေးကို နှစ်သက်အားပေးကြတဲ့ Rhythm Gamer တို့ရေ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ရန်ကုန်မြို့နဲ့ မန္တလေးမြို့မှာ Taiko no Tatsujin Preliminary Tournament ကို စည်ကားစွာ ကျင်းပခဲ့ပြီး မြို့နှစ်မြို့ရဲ့ ကိုယ်စားပြု Winner တွေလည်း အသီးသီးထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ် 🤩

ဒီတစ်ခါမှာတော့ အဲ့ဒီ ရန်ကုန်က Winner ၂ ယောက်နဲ့ မန္တလေးက Winner ၂ ယောက် ထပ်မံယှဉ်ပြိုင်ရမယ့် Taiko no Tatsujin Regional Tournament ကြီးကို ကျင်းပပြုလုပ်သွားတော့မှာပဲဖြစ်ပါတယ် 🥳
Regional Tournament ကြီးမှာဆိုရင် ပြိုင်ပွဲဝင် ၄ ဦးက Bandi Namco က ချမှတ်ပေးထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ သီချင်း ၄ ပုဒ်ကို Extreme Level နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်

Regional Tournament မှာ Winner ဖြစ်ခဲ့ပြီး သတ်မှတ်ထားတဲ့ score ကိုပါ ပြည့်မှီခဲ့ရင်တော့ ဂျပန်နိုင်ငံမှာပါ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ သွားရောက်ယှဉ်ပြိုင်ခွင့်ရရှိဦးမှာပါနော် 😮

ဒီတော့ မြန်မာနိုင်ငံကိုယ်စားပြုက ရန်ကုန်က ဖြစ်မလား၊ မန္တလေးက ဖြစ်မလားဆိုတာ ရင်ခုန်စရာပါပဲနော် 💓

Regional Tournament ကိုတော့

🔸Date : 6 Apr 2024
🔸Time : 10 A.M
🔸Location : Junction City Branch (YGN), The Move Branch (MDY) တို့မှာ တစ်ပြိုင်တည်း ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်

Alibaba ပရိတ်သတ်တွေအားလုံးပဲ Regional Tournament Winner ဘယ်သူဖြစ်သွားမလဲဆိုတာကို ကိုယ်တိုင် ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုပြီး ကိုယ့်မြို့က ပြိုင်ပွဲဝင်တွေကို အားပေးချင်တယ်ဆိုရင် လာခဲ့ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော် 🤗